၁။ အနာမန္တစာရ၊ ဆွမ်းပင့်ဖိတ်ထားတာရှိပါလျှက်နဲ အတူနေသီတင်းသုံးဖော်ရဟန်းကို မပန်ကြားဘဲ တနေရာရာကိုထွက်သွားခဲ့ရင် ဝိနည်းကံအရ ရဟန်းတော်များမှာ အာပတ် သင့်တယ်။ အပြစ်ဖြစ်တယ်။ ဒါပေမယ့် ကထိန်ခင်းခွင့်ရရှိလိုက်တယ်ဆိုရင်တော့ အဲဒီရဟန်း အပြစ်ကလွတ်တယ်၊ အာပတ်မသင့်ဘူး။၂။ အသမာဒါနစာရ၊ ဓူတင်ဆောင်ရဟန်းတော်များဟာ မြိုထဲရွာထဲသွားတဲ့အခါ တိစီဝရိက် အဓိဋ္ဌာန်တင် ထားတဲ့သင်္ကန်း သုံးထည် (သင်းပိုင်၊ ဧကသီ၊ ဒုကုဋ်) ကို အမြဲယူဆောင်သွားရတယ်၊ သင်္ကန်းနဲ့မိမိ နှစ်တောင့်ထွာထက် ပိုဝေးပြီးမနေရဘူး၊ နေရင်အာပတ်သင့်တယ်၊ အပြစ်ဖြစ်တယ်။ အဲ့ဒီသင်္ကန်းကိုလည်း စွန့်ရတယ်၊ ဒါပေမယ့် ကထိန်ခင်းခွင့်ရရှိလိုက်တယ် ဆိုရင်တော့ အဲဒီရဟန်း အပြစ်ကလွတ်တယ်၊ အာပတ်မသင့်ဘူး။၃။ ဂဏဘောဇန၊ ရဟန်းသံဃာတော်များကို ဆွမ်းကပ်ဘို့ပင့်လျှောက်တဲ့အခါ သာသနာတော်သုံးစကားနဲ့ ရိုသေစွာလျှောက်ထားမှ အဲ့ဒီဆွမ်းခဲဘွယ်ကို သုံးဆောင်ကောင်းတယ်၊ လူသာမာန်တို့ အသုံးအနှုံးမျိုးနဲ့ ပြောဆိုပင့်လျှောက်တယ်ဆိုရင်တော့ အဲဒီဆွမ်းကို မသုံးဆောင်ကောင်းဘူး၊ အပြစ်ဖြစ်တယ်။ သာသနာတော်အသုံးအနှုံးဆိုတာက ဥပမာ “ဆွမ်းဘုဉ်းပေးကြွတော်မူပါဘုရား” လို့ ဆွမ်းဆိုတဲ့အသုံး၊ ဘုဉ်းပေး ဆိုတဲ့အသုံးအနှုံးမျိုးပါအောင် ထည့်လျှောက်ရတယ်။ လူတို့အသုံးဖြစ်တဲ့ (သို့) ရောနှောနေတဲ့ “ထမင်းစား၊ ဆွမ်းစား၊ မုံ့ဟင်းခါးဘုဉ်းပေး” စသဖြင့်ပြောဆိုပြီး ပင့်ဖိတ်တဲ့ အစာအဟာရများကိုတော့ မသုံးဆောင်ကောင်းဘူး။ သာသနာတော်နဲ့မအပ်စပ်လို့ အာပတ်သင့်တယ်။ သို့သော် ကထိန်ခင်းခွင့်ရရှိလိုက်တယ်ဆိုရင်တော့ အဲဒီရဟန်း အာပတ်မသင့်ဘူး။ ဘယ်လိုပင့်ပင့် သုံးဆောင်ကောင်းတယ်။ဥပမာ ခရီးအတူသွားရင်း ဒကာက ရင်းနှီးလို့၊ သို့မဟုတ် နားမလည်လို့ “အရှင်ဘုရား လမ်းကြုံတုန်း ဆိုင်မှာဝင်ဆွဲလိုက်ရအောင်၊ ထမင်းဘိုး တပည့်တော်ရှင်းမှာပါ” ဆိုပြီးပြောတဲ့အသုံးအနှုံးမျိုးဟာ ဘုန်းကြီးကိုဆွမ်းစားပင့်တာပါပဲ၊ ဒါပေမယ့် သာသနာနဲ့သံဃာအပေါ်မှာ လေးစားတဲ့အသုံးအနှုံးမျိုးမဟုတ်တဲ့အတွက် အဲဒီလိုဆွမ်းမျိုးကို သုံးဆောင်တဲ့ရဟန်းမှာ အပြစ်ဖြစ်တယ်။ အာပတ်သင့်တယ်ပေါ့။ အဲဒါမျိုးလေးတွေကလည်း ရှိတတ်တယ်၊ ဟိုတုန်းက ဒကာတစ်ယောက်ဟာ ရွာဦးကျောင်းဘုန်းကြီးဆီကိုသွားပြီး “အရှင်ဘုရား တပည့်တော် တို့အိမ်မှာ မနက်ဖြန်မနက်တော့ ဗိုက်ခွေးနမ်းပဲဘုရား” လို့လျှောက်ပြီး ပြန်သွားသတဲ့။ နောက်တစ်ရက်မနက် ဆွမ်းကပ်ချိန်လည်းဘုန်းကြီးကြွမလာ၊ နေ့လည်မှာလည်းကြွမလာဆိုတော့ ညနေပိုင်းမှာ ဒကာစိတ်ဆိုးဆိုးနဲ့ ဘုန်းကြီးကိုသွားပြီးရန်တွေ့တယ်တဲ့၊ “အရှင်ဘုရားကို ဒီနေ့မနက် တပည့်တော်အိမ်မှာ ဆွမ်းစားကြွဘို့ပင့်ထားတာ ဘာလို့မကြွတာလဲ၊ ဆွမ်းတွေအလကားဖြစ်ကုန်ပြီ၊ လွယ်လွယ်နဲ့ရတာမဟုတ်ဘူး” ဘာဘာညာညာ ပေါ့ပြောတဲ့အခါ၊ ဘုန်းကြီးက “ဟ ကောင်ရ၊ မင်းမနေ့က ငါ့လာပြောသွားတာက ဘုန်းကြီးကို ဆွမ်းကပ်ပင့်တယ်လို့ မထင်ဘူး၊ ခွေးစာကျွေးဘို့ လာပြောတယ်ထင်တာဟ”လို့ ပြန်မိန့်လိုက်တော့မှ ဒကာငြိမ်သွားတော့တယ်တဲ့။ ပြုံးစရာ ပုံပြင်လေးပါ။၎။ ယာဝဒတ္တစီဝရ၊ ရဟန်းတော်များဟာ ဒကာဒကာမများက လှူလို့သက်န်းတွေရလာတဲ့အခါ အဲဒီသင်္ကန်းတွေကို (၁၀) ရက်အတွင်း အဓိဋ္ဌာန် ဝိကပ္ပနာပြု လုပ်ထားရတယ်၊ အဲဒီလို မပြုလုပ်ထားရင် အာပတ်လည်းသင့်တယ်၊ အဲဒီသင်္ကန်းကိုလည်း မသုံးဆောင်ကောင်းဘူး၊ ကထိန်ခင်းခွင့်ရရှိလိုက်တယ်ဆိုရင်တော့ အဲဒီရဟန်းဟာ ရသမျှသင်္ကန်းကို အဓိဋ္ဌာန်ဝိကပ္ပနာမပြုဘဲ ကြိုက်သလောက်ထားနိုင်ခွင့်ရှိတယ်။ အပြစ်မဖြစ်တော့ဘူး။၅။ ယော စ တတ္ထ စီဝရုပ္ပါဒ၊ ကထိန်ခင်းတဲ့ကျောင်းမှာလှူဒါန်းထားတဲ့ သံဃိကသင်္ကန်းများကို အညီအမျှ ခွဲဝေသုံးဆောင်နိုင်ခွင့်ရတယ်။ ကထိန်အာနိသင်မရတဲ့ ရဟန်းကတော့ ခွဲဝေသုံးဆောင်ခွင့်မရှိဘူးလို့ဆိုလိုတယ်။ဒါက ကထိန်သင်္ကန်းနဲ့ပတ်သက်လို့ ရဟန်းတော်များမှာ ရရှိတဲ့အကျိုးကျေးဇူးများဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ ဝိနည်းစည်းကမ်းတွေထဲက တချို့ လွတ်ငြိမ်းချမ်းသာမှုကို ရစေနိုင်တဲ့အလှူမျိုးပါ။ကထိန်သင်္ကန်းအလှူရှင်များ ရရှိသောအကျိုးတရား(၅) ပါး“ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်” ဆိုတဲ့စကားလိုပါပဲ “ကထိန်”ဆိုတဲ့စကားတစ်လုံးရဲ့အောက်မှာ အလှူခံပုဂ္ဂိုလ်ရော အလှူပေးပုဂ္ဂိုလ်ပါ နှစ်ဘက်စလုံးမှာ အကျိုးကျေးဇူးများ ရရှိခံစားကြရပါတယ်။ ကထိန်သင်္ကန်းအလှူရှင်များ ရရှိနိုင်တဲ့ အကျိုးကျေးဇူးကလည်း ငါးပါးရှိပါတယ်။လင်္ကာ = ကထိန်ဒါန၊ လှူကြသူမှာ၊ ကျိုးငါးဖြာကား၊ သွားလေရာဝယ်၊ အန္တရာယ်ကင်း၊ ပစ္စည်းရင်းမှာ၊ မီးပြင်းမဖျက်၊ ဆိပ်မတက်ဘဲ၊ မေ့လျှက်ဥစ္စာ၊ မဆုံးပါရ၊ ပြိုင်ရှာကြသော်၊ ကိုယ်ကဦးစွာ၊ အရသာသည်၊ ငါးဖြာ ကထိန်လှူကျိုးတည်း။၁။ ခရီးသွားသည့်အခါများမှာ အနှောက်အယှက် အပိတ်အပင် အဆီးအတားများများ မရှိနိုင်ခြင်း၊ ရှိသည့်အခက်အခဲများကိုလည်း လွယ်ကူစွာကျော်လွှားအောင်မြင်နိုင်ခြင်း။ (ဥပမာ နိုင်ငံခြားသွားရာ၌ တွေ့ကြုံရတတ်သည့် ဗီဇာအခက်အခဲများလည်းပါဝင်သည်။)၂။ ရပ်ဝေးနယ်ခြား ဆွေးမျိုးများထံတွင်လည်းကောင်း၊ တိုင်းနိုင်ငံအသီးသီးမှ ဘဏ်များတွင်လည်းကောင်း အပ်နှံထားသော မိမိပိုင်ပစ္စည်းဥစ္စာများ မီးလောင်ပျက်စီးဆုံးရှုံးမှုမရှိ၊ စိတ်နှလုံးအေးငြိမ်းစွာဖြင့် နေထိုင်ရခြင်း။၃။ သွားလေရာရာ၌ အစာအာဟာရပေါများစွား သုံးဆောင်နိုင်လျှက် မိမိစားသုံးသော အစာအဟာရများတွင် အဆိပ်အတောက် မသင့်ခြင်း။၎။ ရောက်လေရာရာ ဘဝတိုင်းဝယ် ဥစ္စာဓန ပေါကြွယ်ဝစွာဖြင့် ချမ်းချမ်းသာသာ နေထိုင်နိုင်ခြင်း။၅။ မိမိရှာဖွေစုဆောင်း ရရှိထားသမျှပစ္စည်းဥစ္စာတို့သည် အဘယ်ကဲ့သို့သော ရန်သူမျိုးကြောင့်မှ ဆုံးရှုံးပျက်စီးသွားမှု မရှိနိုင်ခြင်း။ လို့ ကထိန်သင်္ကန်း အလှူရှင်များမှာလည်း အကျိုးတရား ငါးပါးရရှိပါတယ်။ ဒါကြောင့် အလှူပေးသူရော အလှူခံသူပါ နှစ်ဘက်စလုံးအကျိုးရှိ တာမို့လို့ ဒီကထိန်အလှူကို အမြတ်ဆုံးအလှူလို့ ခေါ်ဆိုခြင်းဖြစ်ပါတယ်။ ကထိန်ဒါယကာကိုအောင်ကျော်နိုင်ကထိန်ဒါယကာမကြီး ဒေါ်မင်းမင်းချို မိသားစုတို့ ရရှိနိုင်သော (၅)ပါးကို အထက်မှာဖေါ်ပြထားပါသည်
ကထိန်အာနိသင် (၅) ပါး
0၁။ အနာမန္တစာရ၊ ဆွမ်းပင့်ဖိတ်ထားတာရှိပါလျှက်နဲ အတူနေသီတင်းသုံးဖော်ရဟန်းကို မပန်ကြားဘဲ တနေရာရာကိုထွက်သွားခဲ့ရင် ဝိနည်းကံအရ ရဟန်းတော်များမှာ အာပတ် သင့်တယ်။ အပြစ်ဖြစ်တယ်။ ဒါပေမယ့် ကထိန်ခင်းခွင့်ရရှိလိုက်တယ်ဆိုရင်တော့ အဲဒီရဟန်း အပြစ်ကလွတ်တယ်၊ အာပတ်မသင့်ဘူး။၂။ အသမာဒါနစာရ၊ ဓူတင်ဆောင်ရဟန်းတော်များဟာ မြိုထဲရွာထဲသွားတဲ့အခါ တိစီဝရိက် အဓိဋ္ဌာန်တင် ထားတဲ့သင်္ကန်း သုံးထည် (သင်းပိုင်၊ ဧကသီ၊ ဒုကုဋ်) ကို အမြဲယူဆောင်သွားရတယ်၊ သင်္ကန်းနဲ့မိမိ နှစ်တောင့်ထွာထက် ပိုဝေးပြီးမနေရဘူး၊ နေရင်အာပတ်သင့်တယ်၊ အပြစ်ဖြစ်တယ်။ အဲ့ဒီသင်္ကန်းကိုလည်း စွန့်ရတယ်၊ ဒါပေမယ့် ကထိန်ခင်းခွင့်ရရှိလိုက်တယ် ဆိုရင်တော့ အဲဒီရဟန်း အပြစ်ကလွတ်တယ်၊ အာပတ်မသင့်ဘူး။၃။ ဂဏဘောဇန၊ ရဟန်းသံဃာတော်များကို ဆွမ်းကပ်ဘို့ပင့်လျှောက်တဲ့အခါ သာသနာတော်သုံးစကားနဲ့ ရိုသေစွာလျှောက်ထားမှ အဲ့ဒီဆွမ်းခဲဘွယ်ကို သုံးဆောင်ကောင်းတယ်၊ လူသာမာန်တို့ အသုံးအနှုံးမျိုးနဲ့ ပြောဆိုပင့်လျှောက်တယ်ဆိုရင်တော့ အဲဒီဆွမ်းကို မသုံးဆောင်ကောင်းဘူး၊ အပြစ်ဖြစ်တယ်။ သာသနာတော်အသုံးအနှုံးဆိုတာက ဥပမာ “ဆွမ်းဘုဉ်းပေးကြွတော်မူပါဘုရား” လို့ ဆွမ်းဆိုတဲ့အသုံး၊ ဘုဉ်းပေး ဆိုတဲ့အသုံးအနှုံးမျိုးပါအောင် ထည့်လျှောက်ရတယ်။ လူတို့အသုံးဖြစ်တဲ့ (သို့) ရောနှောနေတဲ့ “ထမင်းစား၊ ဆွမ်းစား၊ မုံ့ဟင်းခါးဘုဉ်းပေး” စသဖြင့်ပြောဆိုပြီး ပင့်ဖိတ်တဲ့ အစာအဟာရများကိုတော့ မသုံးဆောင်ကောင်းဘူး။ သာသနာတော်နဲ့မအပ်စပ်လို့ အာပတ်သင့်တယ်။ သို့သော် ကထိန်ခင်းခွင့်ရရှိလိုက်တယ်ဆိုရင်တော့ အဲဒီရဟန်း အာပတ်မသင့်ဘူး။ ဘယ်လိုပင့်ပင့် သုံးဆောင်ကောင်းတယ်။ဥပမာ ခရီးအတူသွားရင်း ဒကာက ရင်းနှီးလို့၊ သို့မဟုတ် နားမလည်လို့ “အရှင်ဘုရား လမ်းကြုံတုန်း ဆိုင်မှာဝင်ဆွဲလိုက်ရအောင်၊ ထမင်းဘိုး တပည့်တော်ရှင်းမှာပါ” ဆိုပြီးပြောတဲ့အသုံးအနှုံးမျိုးဟာ ဘုန်းကြီးကိုဆွမ်းစားပင့်တာပါပဲ၊ ဒါပေမယ့် သာသနာနဲ့သံဃာအပေါ်မှာ လေးစားတဲ့အသုံးအနှုံးမျိုးမဟုတ်တဲ့အတွက် အဲဒီလိုဆွမ်းမျိုးကို သုံးဆောင်တဲ့ရဟန်းမှာ အပြစ်ဖြစ်တယ်။ အာပတ်သင့်တယ်ပေါ့။ အဲဒါမျိုးလေးတွေကလည်း ရှိတတ်တယ်၊ ဟိုတုန်းက ဒကာတစ်ယောက်ဟာ ရွာဦးကျောင်းဘုန်းကြီးဆီကိုသွားပြီး “အရှင်ဘုရား တပည့်တော် တို့အိမ်မှာ မနက်ဖြန်မနက်တော့ ဗိုက်ခွေးနမ်းပဲဘုရား” လို့လျှောက်ပြီး ပြန်သွားသတဲ့။ နောက်တစ်ရက်မနက် ဆွမ်းကပ်ချိန်လည်းဘုန်းကြီးကြွမလာ၊ နေ့လည်မှာလည်းကြွမလာဆိုတော့ ညနေပိုင်းမှာ ဒကာစိတ်ဆိုးဆိုးနဲ့ ဘုန်းကြီးကိုသွားပြီးရန်တွေ့တယ်တဲ့၊ “အရှင်ဘုရားကို ဒီနေ့မနက် တပည့်တော်အိမ်မှာ ဆွမ်းစားကြွဘို့ပင့်ထားတာ ဘာလို့မကြွတာလဲ၊ ဆွမ်းတွေအလကားဖြစ်ကုန်ပြီ၊ လွယ်လွယ်နဲ့ရတာမဟုတ်ဘူး” ဘာဘာညာညာ ပေါ့ပြောတဲ့အခါ၊ ဘုန်းကြီးက “ဟ ကောင်ရ၊ မင်းမနေ့က ငါ့လာပြောသွားတာက ဘုန်းကြီးကို ဆွမ်းကပ်ပင့်တယ်လို့ မထင်ဘူး၊ ခွေးစာကျွေးဘို့ လာပြောတယ်ထင်တာဟ”လို့ ပြန်မိန့်လိုက်တော့မှ ဒကာငြိမ်သွားတော့တယ်တဲ့။ ပြုံးစရာ ပုံပြင်လေးပါ။၎။ ယာဝဒတ္တစီဝရ၊ ရဟန်းတော်များဟာ ဒကာဒကာမများက လှူလို့သက်န်းတွေရလာတဲ့အခါ အဲဒီသင်္ကန်းတွေကို (၁၀) ရက်အတွင်း အဓိဋ္ဌာန် ဝိကပ္ပနာပြု လုပ်ထားရတယ်၊ အဲဒီလို မပြုလုပ်ထားရင် အာပတ်လည်းသင့်တယ်၊ အဲဒီသင်္ကန်းကိုလည်း မသုံးဆောင်ကောင်းဘူး၊ ကထိန်ခင်းခွင့်ရရှိလိုက်တယ်ဆိုရင်တော့ အဲဒီရဟန်းဟာ ရသမျှသင်္ကန်းကို အဓိဋ္ဌာန်ဝိကပ္ပနာမပြုဘဲ ကြိုက်သလောက်ထားနိုင်ခွင့်ရှိတယ်။ အပြစ်မဖြစ်တော့ဘူး။၅။ ယော စ တတ္ထ စီဝရုပ္ပါဒ၊ ကထိန်ခင်းတဲ့ကျောင်းမှာလှူဒါန်းထားတဲ့ သံဃိကသင်္ကန်းများကို အညီအမျှ ခွဲဝေသုံးဆောင်နိုင်ခွင့်ရတယ်။ ကထိန်အာနိသင်မရတဲ့ ရဟန်းကတော့ ခွဲဝေသုံးဆောင်ခွင့်မရှိဘူးလို့ဆိုလိုတယ်။ဒါက ကထိန်သင်္ကန်းနဲ့ပတ်သက်လို့ ရဟန်းတော်များမှာ ရရှိတဲ့အကျိုးကျေးဇူးများဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ ဝိနည်းစည်းကမ်းတွေထဲက တချို့ လွတ်ငြိမ်းချမ်းသာမှုကို ရစေနိုင်တဲ့အလှူမျိုးပါ။ကထိန်သင်္ကန်းအလှူရှင်များ ရရှိသောအကျိုးတရား(၅) ပါး“ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်” ဆိုတဲ့စကားလိုပါပဲ “ကထိန်”ဆိုတဲ့စကားတစ်လုံးရဲ့အောက်မှာ အလှူခံပုဂ္ဂိုလ်ရော အလှူပေးပုဂ္ဂိုလ်ပါ နှစ်ဘက်စလုံးမှာ အကျိုးကျေးဇူးများ ရရှိခံစားကြရပါတယ်။ ကထိန်သင်္ကန်းအလှူရှင်များ ရရှိနိုင်တဲ့ အကျိုးကျေးဇူးကလည်း ငါးပါးရှိပါတယ်။လင်္ကာ = ကထိန်ဒါန၊ လှူကြသူမှာ၊ ကျိုးငါးဖြာကား၊ သွားလေရာဝယ်၊ အန္တရာယ်ကင်း၊ ပစ္စည်းရင်းမှာ၊ မီးပြင်းမဖျက်၊ ဆိပ်မတက်ဘဲ၊ မေ့လျှက်ဥစ္စာ၊ မဆုံးပါရ၊ ပြိုင်ရှာကြသော်၊ ကိုယ်ကဦးစွာ၊ အရသာသည်၊ ငါးဖြာ ကထိန်လှူကျိုးတည်း။၁။ ခရီးသွားသည့်အခါများမှာ အနှောက်အယှက် အပိတ်အပင် အဆီးအတားများများ မရှိနိုင်ခြင်း၊ ရှိသည့်အခက်အခဲများကိုလည်း လွယ်ကူစွာကျော်လွှားအောင်မြင်နိုင်ခြင်း။ (ဥပမာ နိုင်ငံခြားသွားရာ၌ တွေ့ကြုံရတတ်သည့် ဗီဇာအခက်အခဲများလည်းပါဝင်သည်။)၂။ ရပ်ဝေးနယ်ခြား ဆွေးမျိုးများထံတွင်လည်းကောင်း၊ တိုင်းနိုင်ငံအသီးသီးမှ ဘဏ်များတွင်လည်းကောင်း အပ်နှံထားသော မိမိပိုင်ပစ္စည်းဥစ္စာများ မီးလောင်ပျက်စီးဆုံးရှုံးမှုမရှိ၊ စိတ်နှလုံးအေးငြိမ်းစွာဖြင့် နေထိုင်ရခြင်း။၃။ သွားလေရာရာ၌ အစာအာဟာရပေါများစွား သုံးဆောင်နိုင်လျှက် မိမိစားသုံးသော အစာအဟာရများတွင် အဆိပ်အတောက် မသင့်ခြင်း။၎။ ရောက်လေရာရာ ဘဝတိုင်းဝယ် ဥစ္စာဓန ပေါကြွယ်ဝစွာဖြင့် ချမ်းချမ်းသာသာ နေထိုင်နိုင်ခြင်း။၅။ မိမိရှာဖွေစုဆောင်း ရရှိထားသမျှပစ္စည်းဥစ္စာတို့သည် အဘယ်ကဲ့သို့သော ရန်သူမျိုးကြောင့်မှ ဆုံးရှုံးပျက်စီးသွားမှု မရှိနိုင်ခြင်း။ လို့ ကထိန်သင်္ကန်း အလှူရှင်များမှာလည်း အကျိုးတရား ငါးပါးရရှိပါတယ်။ ဒါကြောင့် အလှူပေးသူရော အလှူခံသူပါ နှစ်ဘက်စလုံးအကျိုးရှိ တာမို့လို့ ဒီကထိန်အလှူကို အမြတ်ဆုံးအလှူလို့ ခေါ်ဆိုခြင်းဖြစ်ပါတယ်။ ကထိန်ဒါယကာကိုအောင်ကျော်နိုင်ကထိန်ဒါယကာမကြီး ဒေါ်မင်းမင်းချို မိသားစုတို့ ရရှိနိုင်သော (၅)ပါးကို အထက်မှာဖေါ်ပြထားပါသည်
Abonner på:
Kommentarer til indlægget (Atom)
No Response to "ကထိန်အာနိသင် (၅) ပါး"
Send en kommentar