
ဒီနေ့.....ဒီရက်ကို
စောင့်နေတာ ကြာခဲ့ပေါ့....အမေရယ်။
အမေဟာ....
တမျိုးသားလုံးလွတ်မြောက်ရေးအတွက်
စံပြုထိုက်တဲ့ စပြပုဂ္ဂိုလ်ဖြစ်ခဲ့ပေမယ့်
ကျနော်တို့ကတော့
အမေအားထားလောက်တဲ့
စံပြပုဂ္ဂိုလ်တွေ မဖြစ်ခဲ့ကြဘူး။
အမေ့ရဲ့ ပြရုပ်
အမေ့ရဲ့ ကြိုးစားအားထုတ်မှု
အမေ့ရဲ့ စွန့်လွှတ်အနစ်နာခံမှု
အမေ့ရဲ့ တည်ကြည်ရိုးသားမှု
အမေ့ရဲ့ မွန်မြတ်တဲ့ စေတနာမှန်တွေဟာ
ကျနောတို့အတွက် ခွန်အားတွေပါ။
နောက်တွန့် ကြောက်ရွံ့မှု စိုးစဉ်းမှမရှိ
ရေအဆန်မှာ လေထန်လည်း
ရေအဆန်ကို ဆန်တက်မယ့်
အံ့လောက်တဲ့သတ္တိ အမေ့ဆီမှာရှိတယ်။
အမှန်တရားကို ကျောပိုးထားတဲ့
အမေ့ရဲ့ ရဲရင့်ခြင်းတိုက်ပွဲတွေကို
စောကြွေခဲ့တဲ့ တမလွန်ရောက်ဝိဥာဏ်တွေ
သောင်းသောင်းဖျဖျပါပဲ
လက်ခုပ်သြဘာတွေတီးပြီး ကြိုဆိုသမှုပြုနေကြတယ်....အမေ။
မရေရာတဲ့အတွေးတွေက
တခါတလေ ပိုပြီးသေချာနေသလို
ရင်တွင်းခံစားမိတဲ့ အချိန်ခါတွေဆို
ကျနော်တို့တတွေ
အမေနဲ့များ ပြန်ဆုံနိုင်ပါ့မလား....လို့
လွန့်လူးနေတဲ့ အတွေးကွန်ခြာထဲ
စိုးရိမ်ကဲနေမိတယ်....အမေ။
ကဲ....တွေဝေငေးမောခြင်းကိုစွန့်ကြ
ငါတို့အားလုံး အမေနဲ့အတူ
အာဏာရူးတွေ ကျဆုံးတဲ့အထိ
ငါတို့ရဲ့ ခန္ဓာတွေ
သေစမ်းပါစေ ကြွေစမ်းပါစေ၊
ရဲရင့်ခြင်းနဲ့
ရန်သူကို ဘယ်တော့မှအရူံးမပေးဘူး၊
တွေဝေခြင်းနဲ့ ငါတို့တတွေ
ငေးမောလက်ပိုက်ကြည့်နေကြမယ် ဆိုရင်
စောကြွေတဲ့ တမလွန်ရောက် ဝိဥာဏ်တွေ
ငါတို့ကို ဆဲဆိုနေကြလိမ့်မယ်။
ကဲ....တွေဝေငေးမောခြင်းကို စွန့်ကြ
ငါတို့ဟာ ငါတို့ရဲ့
ရဲရင့်ခြင်း ဇွဲမာန်ဟုန်နဲ့
ချောက်နက်နက်ထဲ ခုန်းဆင်းနေကြတဲ့
အာဏာရူးတွေကို သဂြိုလ်စက်ထဲပို့ကြမယ်။
ပျော်တာပေါ့....အမေရယ်
အကြားချင်ဆုံးစကား အကြားချင်ဆုံးသတင်း
အဲ- ဒီနေ့ အဲ- ဒီရက်
အမေလွတ်ရက်စေ့တဲ့နေ့ကို...ပေါ့၊
အမေ သက်တော်ရာကျော်....ရှည်ပါစေ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
၁ နှစ်ပြည့် နေအိမ်အကျယ်ချုပ်မှလွတ်လာသည့်
ဒေါ်အောင်ဆန်းစုကြည်အား မနှစ်ကရေးဆိုခဲ့သည့်
ကဗျာဖြင့် အမှတ်တရ ထပ်မံ ဂုဏ်ပြုအပ်ပါသည်။http://8888newgenerations.blogspot.com/မှ ကူးယူတင်ထားပါသည်

Rangoon Time
No Response to "ပျော်တာပေါ့ အမေရယ်"
Send en kommentar