လက်လွှတ်လိုက်တဲ့ ပင်လယ်

0


 လက်လွှတ်လိုက်တဲ့ ပင်လယ်
ချိုစိမ့်၊ နိုဝင်ဘာ ၃၊ ၂၀၁၁
 အပေါက်အပြဲတွေနဲ
ငှက်သိုက်ကလေးကနေ
ငှက်ကလေးတွေ
တကောင်ချင်း ပြုတ်ကျသွားသလိုမျိုး … ။
မြစ်ကွေ့ 
တခါတရံ ရပ်တန့် 
ပန်းတွေ ရံခါသွေ့ ခြောက်သလိုမျိုး
ကိုယ့်နှလုံးသားကိုယ်
အုတ်အော်သောင်းတင်းဖွင့်ခဲ့သူ … ။
ကိုမုတ်သုန်၊  ကိုအောင်ဗညို
ကိုချစ်နဲ့  အကိုကြီး ကိုသင်းခိုင်
မြိုင်လိုက်တဲ့ စံရိပ်ငြိမ် ၅ လမ်း
အခန်းကျဉ်းကျဉ်းလေးတွေမှာ 
ကိုယ့်ဆရာ ကဗျာရွတ်သံတွေ 
တအုန်းအုန်းတောက်ပခဲ့
ဇွန်လမှာ ဇွန်ပန်းလေးတွေ တဖွေးဖွေးလှုပ်သလိုမျိုး … ။
ကိုယ့်ပြဿနာကိုယ်ရှင်း
အားလုံးပြဿနာကတော့ ပေါင်းရှင်းကြပေါ့
ဘ၀မှာ
အဲဒီလိုနေထိုင်သွားခဲ့ဘူးသူပါ … ။
ကဗျာတွေ ရေးထားတဲ့ လက်ဖက်ရည်ဆိုင်
အစကတည်းက မထိုင်ခဲ့မိရင်အကောင်းသား… အခုတော့
ဘာဖြစ်လဲ ပြောလေဆိုတော့
နင်တယ်ဗျာ
ခင်ဗျားတို့ က လက်ဖက်ရည်နဲ့ 
ကဗျာကို တို့ ကျွေးတာကိုး တဲ့ … ။
ခင်ဗျားအကြောင်းရေးဖို့
ဒီလေဟုန်ထဲ
ပျံဝဲခဲ့ကြရတာကိုး
ဥတု ညံ့ရတဲ့အထဲမှာမှ
ရဲဘော်တွေ  ကျ  ကျ ကုန်ကြသမို့ 
ဟော့ဒီမှာ ပြည့်လက်ရုံးတွေ ညောင်းလှပြီ …
ဒီကဗျာ ဒီမှာတိတ်ဆိတ်
မင်းနဲ့ အတူ အေးရိပ်မှာ အိပ်ခွင့်ရပါစေ သူငယ်ချင်း … ။
သေချာတယ်
သက်ရှိမြစ်တစင်း
ညခင်းကို ထိုးဖေါက်
ရောက်သွားလိမ့်မယ်  ကမ္ဘာကုန်ကျယ်သရွေ့  …။
ကဲ…
ရဲဘော်
လှော်လေဦး …။
နောက်တခါ
ခင်ဗျားပြန်လာခွင့်ရရင်
ကဗျာဆရာ လှသန်း သက်တော်ရာကျော်ရှည်ပါစေ
ကဗျာဆရာတွေ
သက်တော်ရှည် ကဗျာဆရာတွေ ဖြစ်ခွင့်ရကြပါစေ … ။

(၂၄.အောက်တိုဘာ။ ၂၀၁၁)မိုးမခ

No Response to "လက်လွှတ်လိုက်တဲ့ ပင်လယ်"

Send en kommentar

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ။အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။အမြင့်ရောက်လို့ အမြင်ကျယ်တာထက် အမြင်ကျယ်လို့ အမြင့်ရောက်တာက ပိုကောင်းပါတယ်။