ရက်စွဲ ၁၈.၁၁.၂၀၁၁ခုနှစ်
ယနေ့ နိုဝင်ဘာ (၁၈)ရက်နေ့သည် စစ်အာဏာရှင် ဗိုလ်ချုပ်နေဝင်း အမူးပြု၍ တော်လှန်ရေးကောင်စီးအစိုးရမှ ခါတော်မီစစ်ဆင်းရေးဆင်နွဲကာ မြန်မာနိုင်ငံ ချင်းတွင်းအထက်ပိုင်း ကဘော်ချိုင့်ဝှမ်းဒေသတွင် ဘိုဘွားစဉ်ဆက် ပိုင်ဆိုင်နေထိုင်လာခဲ့ကြသော အပြစ်မဲ့ ကူကီးပြည်သူ(၂)သောင်းကျော်ကို တရားမျှတမူကင်းမဲ့စွာ အစုလိုက်အပြုံလိုက် မောင်းထုတ်ခြင်းခံခဲ့ကြရသည့် နေ့ရက်ဖြစ်သည့်အပြင် ကူကီးပြည်သူများ၏ရင်ထဲ၌ ဘယ်သောအခါမျှ မမေ့ပျောက်နိုင်သော ဝမ်းနည်းကြေကွဲဖွယ်ရာ နေ့ရက်လည်းဖြစပေသည် တစ်နည်းအားဖြင့် ကူကီးလူမျိုးများအား အခြားလူမျိုးစုများ၏ အဖိနှိပ်ခံဘဝသို့ ရောက်ရှိစေရန် တွန်းပို့ပေးခဲ့သည်ကို မီးမောင်းတိုး ထပ်ဟပ်စေသည့် နေ့တစ်နေ့လည်း ဖြစ်ပေသည်။သမိုင်းကြောင်းကို ပြန်လည်းလေ့လာသုံးသပ်ကြည့်ပါက ကူကီးလူမျိုးများသည် ရှေးပဝေသဏီကတည်းကစ၍ နယ်ချဲ့ အင်္ဂလိပ်တို့၏ လက်အောက် မကျရောက်မီအချိန်ထိ မည်သည့်တိုင်းတစ်ပါးသားတို့၏ အုပ်ချုပ်မူ လွမ်းမိုးမူမခံခဲ့ကြရပဲ ကိုယ့်မင်းကိုယ်ချင်းဘဝဖြင့် လွတ်လပ်ငြိမ်းချမ်းစွာ နေထိုင်လာခဲ့ကြသည် ၁၉၁၇-၁၉၁၉ တွင် အင်္ဂလိပ် ကူကီးပထမစစ်ပွဲ ဖြစ်ပွားပြီး လက်နက်အင်းအားမမျှခြင်းကြောင့် ကူကီးလူမျူိးများ၏ အချုပ်အချားအာဏာပိုင်နယ်မြေမှာ နယ်ချဲ့ တို့လက်အောက်သို့ ကျရောက်ခဲ့ရသည် တစ်ဖန် ကူကီးလူမျိုးများသည် နယ်ချဲ့ အင်္ဂလိပ်တို့၏ လက်အောက်မှ လွတ်မြောက်ရေးအတွက် တော်လှန်တိုက်ခိုက်ခဲ့ကြသည့် ၁၉၄၂-၄၅ အင်္ဂလိပ် ကူကီး ဒုတိယစစ်ပွဲ့ကို ထပ်မံဆင်နွဲခဲ့ကြသော်လည်း မအောင်မြင်ခဲ့ကြပေး ဒုတိယကမ္ဘာစစ်ပြီးဆုံး၍ အင်္ဂလိပ်လက်အောက်ခံ အန္ဒိယနှင့် မြန်မာတို့သည်လည်း လွတ်လပ်ရေးရရှိခဲ့ကြပြီးနောက နစ်နိုင်ငံနယ်နမိတ်ခြားမျဉ်းများ ပိုင်းခြားလိုက်သောအခါ ဘိုးစဉ်ဘောင်ဆက် လွတ်လပ်စွာ ပိုင်ဆိုင်နေထိုင်လာခဲ့ကြသော ကူကီးလူမျိုးတို့၏ ပိုင်နက်နယ်မြေကို (၂)ပိုင်းပိုင်းလိုက်ကြလေသည် ဤသို့ဖြင့် ကူကီးလူမျိုးများမှာ အီန္ဒိယနှင့်မြန်မာ နှစ်နိုင်ငံတို့တွင် တစ်ကွဲတစ်ပြားစီနေထိုင်လာခဲ့ကြသည်
ဤသို့ဖြင့် မြန်မာနိုင်ငံနယ်နမိတ်အတွင်းဘက် ကျရောက်နေထိုင်ခဲ့ကြသော ကူကီးလူမျိုးများကို (၁၉၆၇)ခုနှစ် နိုဝင်ဘာလ(၁၈)ရက်နေ့တွင် အာဏာရှင် ဦးနေဝင်း စစ်အစိုးရမှ ခါတော်မီစစ်ဆင် ရေးဆင်းနွဲ၍ အပြစ်မဲ့ကူကီးပြည်သူ ၂၀,၀၀၀ ကျော်တို့အား တိုင်းတစ်ပါးသားများ ဟုဆိုကာ မိမိ တို့ပိုင်ဆိုင်မူများကို သိမ်းဆည်းချိန်ပင်မရပဲ တရကြမ်း မောင်းထုတ်ခြင်း ခံခဲ့ရသည် ၁၉၇၄ ခုနှစ် ဖွဲစည်းပုံအခြေခံဥပဒေအား လူထုဆန္ဒမဲ့ခံယူရန် သန်းကောင်စာရင်းကောက်ယူသည့်အခါ ကူကီးလူမျိုးမျာား မှတ်ပုံတင်မရှိခြင်း အိမ်ထောင်စုစာရင်း မရှိခြင်းတို့ကြောင့် အိန္ဒိယနိုင်ငံသားဖြစ်သည်ဟုဆိုကာ တစ်ဖန် မောင်းထုတ်ခြင်း ခံခဲ့ကြရပြန်ပါသည်
တစ်ချိန်က ကိုယ့်မင်းကိုယ့်ချင်း ဖြင့် လွတ်လပ်စွာနေထိုင်လာခဲ့ကြသော ကူကီးလူမျိုးများထဲမှ အထူးသဖြင့် မြန်မာနိုင်ငံနယ်နမိတ်တွင်း ကျရောက်နေထိုင်ခဲ့ကြသော ကူကီးလူမျိုးများမှာ ဒေသခံဌာနေတိုင်းရင်းသားလူမျိုးများ၏ရသင့်ရထိုက်သော အခွင့်အရေးများ မရခဲ့ကြသည့် အပြင် နိုင်ငံရေး စီးပွားရေး ပညာရေး လူမူရေး စသည်ဖြင့် ဘက်ပေါင်းစုံမှ ဖိနှိပ်ချုပ်ချယ်ခြင်း ခံခဲ့ကြရသည်မှာ ယခုချိန်ထိပင်ဖြစ်သည် ကူကီးလူမျိုးများ နေထိုင်သည့် ရွာများအကြားတွင် ရွာသစ်များကိုတည်ကာ အခြားလူမျိုးများကို နေထိုင်စေခဲ့ကြပြန်သည် ဤသို့ဖြင့် လူမျိုးရေးအရ၌လည်း ဝါးမျိုးခြင်းခံကြရပြီး မိမိ၏ လူမျိုးအမည်ကိုပင် အထွတ်ဆိုရဲသည်ထိ ခြိမ်းချောက်ခြင်းခံကြရကာ နှောင်များမကြားမီးအချိန်အတွင်း၌ပင် လူမျိုးးပါ လုံးပါးပါးကာ ပျောက်ကွယ်သွားမည့် အခြေအနေထိပင်ရင်ဆိုင်ကြုံတွေ့နေကြရလျက်ရှိနေပါသည် သို့ဖြစ်၍ အတိတ်သမိုင်းကိုသင်ခန်းစားယူလျက် လူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းတည်ထောင်ထားသော မြန်မာနိုင်ငံတွင် ဒေသခံဌာနေတိုင်းရင်းသားလူမျိုးများ၏ ရသင့်ရထိုက်သော အခွင့် အရေးအားတန်းတူညီးမျှရရှိရေးနှင့် တရားမျှတ၍ စစ်မှန်သော ဒီမိုကရေစီရရှိရေးအတွက် ကူကီးပြည်သူတိုင်း၏ အကြီးမားဆုံးစီန်းခေါ်မူနှင့် သမိုင်းပေတာဝန်တစ်ရပ်အဖြစ် ခံယူပြီး အဆုံးစွန်ထိ တိုက်ပွဲဝင် ဆင်နွဲသွားကြာရန် တိုက်တွန်းနိုးဆော်လိုက်ပါသည်
(ကူကီးကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(KSDF)
( ကူကီးအမျိုးသမီးများ လူအခွင့်အရေးအဖွဲအစည်း(KWHRO)
No Response to "အပြစ်မဲ့ကူကီးပြည်သူများအား မတရားမောင်းထုတ်ခြင်းခံခဲ့ကြရသည့် ဝမ်းနည်းဖွယ်ရာ ခါတော်မီစစ်ဆင်ရေးနေ့(၄၄)နှစ်မြောက် အထိမ်းအမှတ် အခမ်းနား"
Send en kommentar