ယင်လပ် ၀န်ကြီးချုပ် ဖြစ် ဖို့ သေချာ

0

ဒီနေ့ ထိုင်းနိုင်ငံ ရဲ့  ရွေးကောက်ပွဲ ကို စတင် ရာမှာ ပြည်ပ ရောက်ဝန်ကြီး ချုပ် ဟောင်း သက်

ဆင် ရဲ့  ရုပ်သေး ပါတီ လို့ သတ်မှတ်ကြတယ် ပွေ့ ထိုင်း ပါတီ က လက်ရှိ ၀န်ကြီး ချုပ် အဘီဆစ်ဝဇ္ဇာ ဇီဝ ရဲ့  ဒီမိုကရက် ပါတီ ထက် မဲ ပိုမို ရရှိ နိုင်တယ် လို့  သတင်း တွေ ထွက် ပေါ် နေပါတယ်။ဒီပါတီ ကို ထိုင်းဝန်းကြီး ဟောင်း သက်ဆင် ရှင်နာဝပ် ရဲ့  ညီမ ဖြစ် သူ ယင်လပ် ရှာနာဝပ် က ဦးဆောင် နေတာ ဖြစ်ပြီး သူ ဟာ ဒီနေ့ မနက် ရွေးကောက်ပွဲ စတင် ချိန် မှာ မဲရုံ ကို သွားပြီး မဲပေးခဲ့ပါတယ်။ ထိုင်း ကာကွယ်ရေး ဦးစီးချုပ် ပရာယုဒ် ချန် အုပ် ချာ ကလဲ ဘုရာထိုင် မဲဆန္ဒနယ်ကအမှတ် ၁၉ မဲ ရုံ မှာ မဲ ပေး ခဲ့ တယ်လို့  နေရှင်း သတင်း စာ မှာ ဖော်ပြထား ပါတယ်။




နိုင်ငံရေး နယ်ပယ် ကို မ၀င်ရောက် ခင် တုန်းက တော့ ယင်လပ် ဟာ မိသား စု ပိုင် ဆိုင် တဲ့ SCအိမ်ခြံမြေ ရောင်းဝယ် ရေး လုပ်ငန်း နဲ့  AIS ဆိုတဲ့ 12 call ဖုန်း ကုမ့္ပဏီ ရဲ့  စီမံခန့် ခွဲ ရေး အရာရှိ  တစ်ဦး ဖြစ်ပါတယ်။
ယင်လပ် ဟာ နိုင်ငံရေး အယူအဆ ဘာသာရပ် ကို ချင်းမိုင် တက္ကသိုလ် နဲ့  အမေရိကန် နိုင်ငံ ကင်တပ် ကီ တက္ကသိုလ် တွေ က နေ ဘွဲ့ ရရှိ ခဲ့တာ ဖြစ်ပါတယ်။





နောက်ဆုံး ရ သတင်းများ အရ အေပက်(စ) နှင့် သမာဆတ် တက္ကသိုလ် များ ၏ ခန့် မှန်း တွက် ချက် မှုအရလွှတ်တော် နေရာ ငါးရာ ကျော် အနက် ယင်လပ် ၏ ပွေ့ ထိုင်း ပါတီက သုံးရာ ကျော်ခန့်  အနိုင်ရ ရှိ မည် ဟုခန့် မှန်း ကြသည်။

No Response to "ယင်လပ် ၀န်ကြီးချုပ် ဖြစ် ဖို့ သေချာ"

Send en kommentar

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ။အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။အမြင့်ရောက်လို့ အမြင်ကျယ်တာထက် အမြင်ကျယ်လို့ အမြင့်ရောက်တာက ပိုကောင်းပါတယ်။