အာဇာနည်နေ့(၂၀၁၁)

0

Tuesday, July 19, 2011

အာဇာနည်နေ့မှာ အလံတိုင်က အလံကို တစ်ဝက်ထိ လျှော့မချဘဲ မထီမဲ့မြင် စော်ကားပြနေတဲ့ ဂျပန်နိုင်ငံ တိုကျိုမြို့က အာဏာရူး လက်ပါးစေ မြန်မာသံရုံးရဲ့  လုပ်ရပ်။


အာဇာနည်နေ့ဆိုတာ နိုင်ငံတော်က တရားဝင် အသိအမှတ်ပြု သတ်မှတ်ထားတဲ့ မြန်မာနိုင်ငံရဲ့  မှတ်တမ်းဝင် နေ့တစ်နေ့ပါ၊ အများပြည်သူများရဲ့ တရားဝင် ရုံးပိတ်ရက်ပါ။ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် အသက်စွန့် လွှတ်ကြိုးပမ်းပေးခဲ့ကြတဲ့ ဗိုလ်ချူပ်အောင်ဆန်းနဲ့ တစ်ကွ အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ ဂုဏ်ကျေးဇူးကို အောက်မေ့တမ်းတပြီး အာဇာနည်ကြီးများကို ဦးညွှတ်ဂုဏ်ပြုကြတဲ့ နေ့ရက်ပါ။ ကျဆုံးခဲ့ကြရတဲ့ အာဇာနည်ခေါင်းဆောင်ကြီးများအတွက် တစ်တိုင်းပြည်လုံး  ကြေကွဲဝမ်းနည်းခဲ့ကြရတဲ့ နေ့ ရက်ပါ။

နှစ်စဉ်နှစ်တိုင်း ဒီနေ့ဒီရက် ဇူလိုင် (၁၉) ရက်နေ့ အာဇာနည်နေ့ရောက်တိုင်း အစိုးရအဆောက်အဦးတွေ ဌာနဆိုင်ရာ ရုံးတွေ အလုပ်ရုံတွေတင်သာမက မြန်မာတစ်နိုင်ငံလုံးမှာ လွှင့်ထူထားကြတဲ့ နိုင်ငံတော်အလံကို တိုင်တစ်ဝက်ထိ လျှော့ချပြီး တိုင်းသူပြည်သားများရဲ့ ကြေကွဲဝမ်းနည်းဖွယ် နေ့ရက်အဖြစ် တရားဝင် သတ်မှတ်ဆောင်ရွက်ကြတာပါ။

အထူးသဖြင့် အစိုးရအဆောက်အဦးတွေ ဌာနဆိုင်ရာတွေမှာ ဒီနေ့ဒီရက်မှာ နိုင်ငံတော်အလံကို တိုင်တစ်ဝက် လွှင့်ထူဖို့ တရားဝင် ညွှန်ကြားချက်တွေ ထုတ်ပြန်ထားရပြီး တိုင်းသူပြည်သားတွေကိုလည်း အလားတူ လိုက်နာဆောင်ရွက်ကြဖို့ လုပ်ရပါတယ်။ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတင်မက မြန်မာနိုင်ငံကို ကိုယ်စားပြုထားတဲ့ နိုင်ငံတကာက မြန်မာသံရုံးများ၊ နိုင်ငံကိုယ်စားပြု အဖွဲ့အစည်းများရဲ့ အဆောက်အဦးတွေမှာ အခမ်းအနားတွေမှာ ဒီနေ့ ဒီရက် အာဇာနည်နေ့ ဇူလိုင် (၁၉) ရက်နေ့မှာ မြန်မာနိုင်ငံအလံကို တိုင်တစ်ဝက် လွှင့်ထူကြဖို့  လိုက်နာဆောင်ရွက်ကြရပါတယ်။

ယနေ့ကျင်းပတဲ့ မြန်မာနိုင်ငံရဲ့ အာဇာနည်နေ့ အခမ်းအနားမှာလည်း အာဇာနည် ဗိမာန်အဆောက်အဦး ထိပ်က အလံတိုင်မှာ အလံကို တစ်ဝက်ထိ လွှင့်ထူထားတာ တွေ့ မြင်ရမှာပါ။




















သို့သော်လည်းဘဲ မြန်မာနိုင်ငံကိုယ်စားပြုထားတဲ့ ဂျပန်နိုင်ငံ တိုကျိုမြို့က သန်းရွှေ သိန်းစိန်တို့ရဲ့ မြန်မာသံရုံးအမည်ခံ အခွန်ရုံးမှာတော့ အလံကို တစ်ဝက်ထိ လျော့မချဘဲ တိုင်ထိပ်ပေါ်မှာဘဲ လွှင့်ထူထားတာကို ယနေ့  အာဇာနည်နေ့  ဇူလိုင် (၁၉) ရက်နေ့ မှာ တွေ့ မြင်ခဲ့ရပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့က ဒီ အာဏာရူးတို့ရဲ့ မြန်မာသံရုံးအမည်ခံ အခွန်ရုံးရဲ့ အဆောက်အဦး မျက်နှာကျက်မှာ အလံတစ်ခုနဲ့ အဆောက်အဦးထိပ်မှာ အလံတစ်ခု စုစုပေါင်း အလံနှစ်ခုကို လွှင့်ထူထားတာ ဖြစ်ပါတယ်။

ယခုလို ဗိုလ်ချူပ်အောင်ဆန်းနဲ့ တစ်ကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရတဲ့ အာဇာနည်နေ့ ဇူလိုင် (၁၉) ရက်နေ့မှာ နိုင်ငံတော်အလံတွေကို အလံတိုင် တစ်ဝက်ထိ လျှော့ချပြီး လွှင့်ထူရမယ်ဆိုတာကို တိုကျိုက မြန်မာသံရုံးက သံအမတ်တွေ သံဝန်ထမ်းတွေ အလေးမထား လစ်လျူရှုပြီး မထီမဲ့မြင် လုပ်ကြတာကတော့ အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ ဂုဏ်ကျေးဇူးကို ကျေးဇူးကန်းပြတာဖြစ်တဲ့အပြင် မြန်မာပြည်သူပြည်သားတွေကိုလည်း စော်ကားမိုက်ရိုင်းပြလိုက်တာဘဲ ဖြစ်ပါတယ်။






















































































































ဒီကိစ္စနဲ့ ပတ်သက်ပြီး နေပြည်တော်က သိန်းရွှေတို့  သိန်းစိန်တို့မှာလည်း အဓိက တာဝန်ရှိပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ ယနေ့ ကျင်းပတဲ့ အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့တော်ဝန် အဆင့်လောက်သာ တက်ရောက်စေပြီး သာမန်ကိစ္စလောက်သာ သတ်မှတ်ပြီး အာဏာရူး သန်းရွှေတို့ သိန်းစိန်တို့ ကိုယ်တိုင် အာဇာနည်ခေါင်းဆောင်ကြီးများကို ဂါဝရမပြုကြတာနဲ့ အခုလို ဂျပန်နိုင်ငံ တိုကျိုမြို့က မြန်မာနိုင်ငံ ကိုယ်စားပြုထားပါတယ်ဆိုတဲ့ မြန်မာသံရုံးမှာတောင် အလံကို တစ်ဝက်ထိလျှော့ချမလွှင့်ထူတာတွေအထိဖြစ်ရတာဟာ အာဏာရူးတွေနဲ့လက်ပါးစေတွေရဲ့အတွင်းဇာတိ သဏ္ဍန်ယုတ်ကို ထုတ်ပြနေတာဘဲ ဆိုတာပါဘဲ။

No Response to "အာဇာနည်နေ့(၂၀၁၁)"

Send en kommentar

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ။အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။အမြင့်ရောက်လို့ အမြင်ကျယ်တာထက် အမြင်ကျယ်လို့ အမြင့်ရောက်တာက ပိုကောင်းပါတယ်။