(ဖုန်းထဲမှာတဲ့ကိုယ်တော်ကဦးဂန္ဘီရမဟုတ်ပါ)ဖုန်းထဲမှာပါတဲ့ဓာတ်ပုံကရွှေဝါရောင်အရှင်နန္ဒာစရိယဖြစ်ပါသည်။

စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးကို ဦးဆောင်ခဲ့သူ ထင်ရှားသည့် ဆရာတော်ဦးဂန္ဘီရသည် တိမ်းရှောင် ပုန်းအောင်းနေရာမှ ယခုအခါ အာဏာပိုင်များက်ဖမ်းဆီးရမိသွားပြီ ဖြစ်ကြောင်းအတည်ပြုသတင်းများထွက်ပေါ်နေပါသည်။
အာဏာပိုင်များမှ အပူတပြင်း လိုက်လံ ရှာဖွေခံနေရသူ ဦးဂန္ဘီရသည် စက်တင်ဘာ သံဃာလူထု လှုပ်ရှားမှုကြီးတွင် ထောင်ပေါင်းများစွာသော သံဃာတော်များ လမ်းပေါ်တက် ဆန္ဒပြရာတွင် ဦးဆောင်ခဲ့ပြီး သူ့ကို ဆန္ဒပြပွဲများကို ကြိုးကိုင်ခဲ့သူအဖြစ် စွပ်စွဲခံခဲ့ ရကာကမ္ဘာတလွှားသို့ ပြောကြားသည့် အနေဖြင့် ဆောင်းပါးတစောင် ရေးသားကာ ဝါရှင်တန်ပို့စ် သတင်းစာသို့ ပေးပို့ခဲ့သေးသည်။
ဝါရှင်တန်ပို့တွင် သူ့ဆောင်းပါး ဖော်ပြခံရသည့် နိုဝင်ဘာလ ၄ ရက်နေ့မှာပင် သူသည် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ပြီးဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ အတည်ပြုရန် ခက်ခဲနေသော်လည်း ပြည်ပရှိ အတိုက်အခံ အချို့က ဆရာတော်၏ ဆောင်းပါးမှတဆင့် သူ ပုန်းခို သီတင်းသုံးနေသည့် နေရာ သဲလွန်စကို စစ်အစိုးရမှ ရရှိနိုင်ဖွယ် ရှိကြောင်း ပြောနေကြပါသည် (အပေါ်လင့်ကိုသွားကြည့်လိုက်ပါ)

Rangoon Time
No Response to "http://jacjapan.blogspot.com/2007/11/blog-post_13.html"
Send en kommentar