တိုင်းပြည် နိုင်ငံရေးအကြောင်းပြောရင် ခေါင်းဆောင်တွေ ဘာလုပ်နေသလဲဆိုတာ အမြဲပြောလေ့ပြောထ ရှိကြပါ တယ်။ ငယ်သားတွေ နောက်လိုက်တွေကော ဘာလုပ်နေလဲလို့ ပြောကြစေချင်ပါသေးတယ်။ တဆိတ်ရှိ အစိုးရကို အပြစ်တင် လိုက်၊ နိုင်ငံရေးခေါင်းဆောင်တွေကို ဝေဖန်လိုက်နဲ့ ပြည်သူတွေကရော ကိုယ့်တာဝန်ကိုယ် ကျေကြပါ ရဲ့လား။
နိုင်ငံသားဆိုတာ
(သူနဲ့သူ့ နိုင်ငံအကြားမှာ တာဝန်နဲ့အခွင့်အရေးဆိုတဲ့ ကြိုးနှစ်ကြိုး ချည်နှောင်ခံထားသူပါ)
ကိုယ့်တာဝန် ကိုယ်မယူဘဲ ကိုယ့်တာဝန်ကို သူများအပေါ် ပုံထားတဲ့ သူတွေက နိုင်ငံသားအခွင့်အရေးဆိုတာကို တစာ စာ တောင်းသင့်ရဲ့လား။ သားသမီးဝတ် မကျေပွန်ဘဲ သားသမီးအခွင်းအရေးကို ဇွတ်အတင်းတောင်းနေတာ တရားနည်း လမ်း ကျပါရဲ့လား။
နိုင်ငံသားဆိုတာ …
(၁) တဦးချင်းစီးရဲ့ အရေးနဲ့
(၂) အစုအဖွဲ့ရဲ့ အရေးဆိုတဲ့ တာဝန် နှစ်ရပ် ရှိပါတယ်။
ခရစ်တော် မပေါ်ခင် ဘီစီ ၄၃၁ တုန်းက ပရီကယ်လိစ်ရဲ့ စကားလေး တခွန်း ဖောက်သည်ချပါရစေ။
(လူဟာ ကိုယ့်အိမ် ကိုယ့်မိသားစုကို စောင့်ရှောက်ရမယ့် ဝတ္တရားရှိသလို ပြည်သူ့အရေးအရာကိုလည်း မျက်ကွယ်မပြုရ ဘူး။ နိုင်ငံသားတိုင်းဟာ သူ့နိုင်ငံရဲ့ တရားသူကြီးတွေပါပဲ) တဲ့။
ဒီတော့ ခေါင်းဆောင်မဟုတ်တဲ့ နိုင်ငံသားတွေက …
(၁) နိုင်ငံသားအခွင့်အရေးနဲ့ တာဝန်
(၂) နိုင်ငံရေး အခွင့်အရေးနဲ့ တာဝန်
(၃) လူမှုရေး အခွင့်အရေးနဲ့ တာဝန် သုံးမျိုးလုံး ကျေပွန်ကြဖို့ လိုပါတယ်။
နိုင်ငံသား အခွင့်အရေးဆိုတာ တဦးချင်း တယောက်ချင်းနဲ့ ဆိုင်တာပါ။ လွတ်လပ်စွာ ပြောခွင့်ရေးခွင့် စီတန်းလှည့်လည် ခွင့် ဆိုတာမျိုးတွေပေါ့။ ကိုယ့်သဘောနဲ့ကိုယ် ပါပဲ။ ဒါတွေကို လုပ်ချင်လုပ် မလုပ်ချင်နေပေါ့။ ကိုယ်နဲ့သာ ဆိုင်ပါတယ်။ လုပ်ချင်လည်းလုပ် မလုပ်ချင်လည်း နေပိုင်ခွင့်ရှိကြပါတယ်။ ဒီတော့ ဒီအခွင့်အရေးကို အနုတ်လက္ခာဆောင်တဲ့ အခွင့်အ ရေးလို့ ဆိုကြရအောင်ပါ။
နိုင်ငံရေး အခွင့်အရေးဆိုတာ ကျတော့ မဲပေးခွင့်၊ ရွေးကောက်ပွဲ ဝင်ခွင့်၊ တနိုင်ငံလုံးအတွက် အကျိုးကျေးဇူး ဖြစ်ထွန်း မယ့် ကိစ္စရပ်တွေမှာ ပါဝင်ခွင့် စတာတွေပါပဲ။ ရွေးကောက်ပွဲမှာ ဝင်ခွင့်မရရင် ရွေးကောက်ပွဲကို သပိတ်မှောက်ခွင့်ရှိတာ နိုင်ငံသားတိုင်း တာဝန်ပါပဲ။
လူမှုအခွင့်အရေး ဆိုတာကျတော့ စာသင်ကြားခွင့်၊ ကုသခွင့်၊ နိုင်ငံရေး ဝေဖန်ဆွေးနွေးခွင့်၊ တန်းတူညီမျှ စီးပွားရှာခွင့် ဆို တာတွေ ပါပဲ။ စီးပွားရေးမှာ လက်ဝါးကြီးအုပ် မောင်ပိုင်စီးတာကို ဝိုင်းပြီး ကန့်ကွက်ဆန့်ကျင်ဖို့က နိုင်ငံသားတိုင်းရဲ့ တာ ဝန် ပါပဲ။
အထက်မှာ ဖော်ပြခဲ့တဲ့ နိုင်ငံရေးအခွင့်အရေးနဲ့ လူမှုအခွင့်အရေးကိုတော့ အပေါင်းလက္ခဏာဆောင်တဲ့ အခွင့်အရေးလို့ ဆိုကြရအောင်ပါ။
ဒီတော့ဗျာ လွတ်လပ်စွာ ဆန္ဒပြခွင့်လောက်နဲ့တင် နိုင်ငံသား တာဝန်မကျေပွန်သေးဘူးလို့ ကျနော်ကတော့ ပြောရမှာပဲ။ ဒီနေ့ကမ္ဘာမှာ အခွင့်အရေးနဲ့ တာဝန်ကို တွဲပြီး ပြောနေကြရပါပြီ။ (အခွင့်အရေးအတွက် နိုင်ငံရေး) ဆိုတဲ့ စကားကို (အား လုံးကောင်းဖို့ နိုင်ငံရေး) ဆိုတဲ့ စကားနဲ့ အစားထိုး သုံးစွဲကြပါစို့။ အားလုံးကောင်းစေချင်ရင် ကိုယ်ကလည်း ကောင်းကြ ပါ။ ဒီမိုကရေစီဆိုတာ ပြည်သူပိုင် အုပ်ချုပ်ရေးပါ။
ကိုယ်အပါအဝင် ကိုယ့်အသိုက်အဝန်းရဲ့ တာဝန်ကို နိုင်သလောက် ဝိုင်းထမ်းကြမှ နိုင်ငံသား ပီသတော့မှာပေါ့။ Autonomy ဆိုတာ ကိုယ်ပိုင်အုပ်ချုပ်ရေးပဲ၊ ခင်ဗျားတို့ ကျနော်တို့ နိုင်ငံသားတွေ ကိုယ့်တာဝန်နဲ့ကိုယ် အုပ်ချုပ်တတ်ကြ ဖို့ လိုပြီ။ ဒါမှလည်း ကျနော်တို့နိုင်ငံ တိုးတက်မှာပေါ့။ လူ့အခွင့်အရေး ချက်ချင်းပေး၊ လူ့အခွင့်အရေး ချက်ချင်းပေးလို့ အော်တိုင်းသာ ပြည့်ဝမယ် တိုးတက်မယ်ဆိုရင် ကျနော်တို့ ကမ္ဘာကြီး အသံဝင်တာ ကြာရောပေါ့။
ဇာဂနာ
(ပြည်သူ့ခေတ် ဂျာနယ်၊ အတွဲ ၂၊ အမှတ် ၆၈၊ ၁၀ နိုဝင်ဘာ ၂၀၁၁ မှ ကူးယူဖေါ်ပြပါသည်)
No Response to "ခင်ဗျားတို့ ဘာတွေလုပ်နေလဲ (ဇာဂနာ)"
Send en kommentar